((( ပေါက်ပြဲနေတဲ့အလယ်လမ်း )))
ဘရာဇီးကို သွားနေတာပါ
အခု-ဂျပန်လေဆိပ်မှာ ငွေ ၁၀ပေါင်ကို ကိုင်ဘရာဇီးကို သွားနေတာပါ
အင်္ဂလန်သို့-- ပြောင်းရမလား ဘုရား
ငါ ပြောတာက (ငါ့သားရာ)...လို့
မင်းကြားတာက (ငါ့နွားရာ)...လို့
မှားနေတာ ကြားနေရာပဲ
အမှားကို
မပစ်ရင်လည်း မချစ်ချင်ကြနဲ့
မပစ်ရင်လည်း မချစ်ချင်ကြနဲ့
ဘုရားကို
မချစ်ရင်လည်း အပစ်မတင်ကြနဲ့
မချစ်ရင်လည်း အပစ်မတင်ကြနဲ့
တံတားအကျိုးဟာ
ဖြတ်သွားလို့မရဘူး ဟဲ့ရောင်
ဖြတ်သွားလို့မရဘူး ဟဲ့ရောင်
ခါးအကျိုးဟာ
မတ်ထားလို့ မရဘူး ဟဲ့ရောင်
မတ်ထားလို့ မရဘူး ဟဲ့ရောင်
ဘုရားမစွမ်းတဲ့အခါ မအားတဲ့အခါ--
လိုနေတာတလျှောက်မှာ
လိုနေတာတလျှောက်မှာ
ခင်ဗျားလှမ်းခဲ့ပါ ခင်ဗျားသွားခဲ့ပါ--
ဟိုနေရာအရောက်သာ
ဟိုနေရာအရောက်သာ
တံတားအကျိုးကို
အားမကိုးဖို့တော့-- လိုမယ်။ ။
သုနိုင်ငံ
၀၇-၀၁-၂၀၁၆